Dec 20, 2017
Dec 17, 2017
သယံဇာတကျိန်စာ
မိုးကောင်းဆဲအချိန်က
အငမ်းမရစားသုံး
ဟထားတဲ့ပါးစပ်ကြီးတွေ
အငွေ့တထောင်းထောင်းထ
အနံ့အရသာနဲ့ ပြည့်စုံတဲ့
မြစ်ဆုံအမွှာညီအစ်မကို
ညစာမချန် ပြိုင်တူခပ်သောက်နေကြတယ်။
အငမ်းမရစားသုံး
ဟထားတဲ့ပါးစပ်ကြီးတွေ
အငွေ့တထောင်းထောင်းထ
အနံ့အရသာနဲ့ ပြည့်စုံတဲ့
မြစ်ဆုံအမွှာညီအစ်မကို
ညစာမချန် ပြိုင်တူခပ်သောက်နေကြတယ်။
သဘာဝကုန်စုံပေါင်းစု
လျှပ်စစ်ထုထည်ကြီးလည်းပါဝင်
ဒီရေတောတွေပြုန်း
အဆီအနှစ်တွေဆုံးရှုံးလည်း
ဂရုတစိုက်ပြုပြင်လိုစိတ်မရှိ
စရိုက်ဆန်ဆန်ဆုံးဖြတ်မှုနောက်
မြစ်မင်းဧရာရဲ့အသွေးအသား
အလိုရမ္မက်ကြီးစွာ
သူတို့တွေ စားသုံးနေကြတယ်။
လျှပ်စစ်ထုထည်ကြီးလည်းပါဝင်
ဒီရေတောတွေပြုန်း
အဆီအနှစ်တွေဆုံးရှုံးလည်း
ဂရုတစိုက်ပြုပြင်လိုစိတ်မရှိ
စရိုက်ဆန်ဆန်ဆုံးဖြတ်မှုနောက်
မြစ်မင်းဧရာရဲ့အသွေးအသား
အလိုရမ္မက်ကြီးစွာ
သူတို့တွေ စားသုံးနေကြတယ်။
ဘယ်မေ့နိုင်မလဲ
လျှာဖျားမှယစ်မူးဖွယ်အရသာ
အလိုအလျောက် အကောင်ပေါက်လာတဲ့ဥ
အိပ်ကပ်ထဲတလျှောလျှောဝင်လာ
ရာဇဝင်များရဲ့သတို့သမီး
အလောတကြီးစုပ်ယူနေတုန်း
ဇူဇကာပုဏ္ဏားလို့သတ်မှတ်တော့
မက်မပြေသူအချို့က
တောက်တစ်ခေါက်ခေါက်
မနက်စာနောက်ကျပေါင်းများလို့
ဆင်ခြေထပ်တက်ပြန်တယ်။
လျှာဖျားမှယစ်မူးဖွယ်အရသာ
အလိုအလျောက် အကောင်ပေါက်လာတဲ့ဥ
အိပ်ကပ်ထဲတလျှောလျှောဝင်လာ
ရာဇဝင်များရဲ့သတို့သမီး
အလောတကြီးစုပ်ယူနေတုန်း
ဇူဇကာပုဏ္ဏားလို့သတ်မှတ်တော့
မက်မပြေသူအချို့က
တောက်တစ်ခေါက်ခေါက်
မနက်စာနောက်ကျပေါင်းများလို့
ဆင်ခြေထပ်တက်ပြန်တယ်။
ခြားနားမှုတွေစီးမိုးတဲ့
အခြားရုပ်ဝတ္ထုထက်
ချဉ်ငံစပ်တွဲစပ်ထားတဲ့
မြန်မာနိုင်ငံရဲ့လက်ကို အန်တုမရခဲ့တာ
ငါတို့တွေသာအသိဆုံး
နောက်ဆုံး ကံကြမ္မာဖန်လာလို့
သမုဒ္ဒရာဝမ်းတစ်ထွာအတွက်
ကြိုးစင်ပေါ်က ဧရာဝတီ ထာဝရမသေဆုံးဖို့
သယံဇာတကျိန်စာတိုက်ပွဲ
မနက်ဖြန်ရဲ့လက်ဆင့်ကမ်းတာဝန်။ ။
အခြားရုပ်ဝတ္ထုထက်
ချဉ်ငံစပ်တွဲစပ်ထားတဲ့
မြန်မာနိုင်ငံရဲ့လက်ကို အန်တုမရခဲ့တာ
ငါတို့တွေသာအသိဆုံး
နောက်ဆုံး ကံကြမ္မာဖန်လာလို့
သမုဒ္ဒရာဝမ်းတစ်ထွာအတွက်
ကြိုးစင်ပေါ်က ဧရာဝတီ ထာဝရမသေဆုံးဖို့
သယံဇာတကျိန်စာတိုက်ပွဲ
မနက်ဖြန်ရဲ့လက်ဆင့်ကမ်းတာဝန်။ ။
ရာမညမင်းငြိမ်းချမ်း
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
Dec 1, 2017
ညနေများကိုဖြတ်ခဲ့ရ
လူသေရဲ့ မျက်နှာလို
ဖြူမှိုင်းတဲ့ကောင်းကင်က
ဆောင်းအသေရဲ့အလောင်းကို
ပိုက်ပွေ့လို့ လမ်းလျှောက်တယ်။
အရွက်မဲ့ကုက္ကိုပင်ပေါ်က
ငှက်ကလေးများ တစ်လှည့်စီတေးသီရဲ့။
အနားက သရက်ပင်
တစ်ပင်လုံးစိမ်းမှောင်။
မြေပြင်ပေါ်က
သစ်ရွက်သေများ
တစ်ညတာအိပ်ရင်း
မနက်ခင်းနုရဲ့
အရုဏ်ကို မြင်ချင်ပုံနဲ့
ညနေခင်းများကို
နှုတ်ဆက်နေလိုက်တာ။ ။
နေထက်နိုင်
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
Nov 18, 2017
ပုဂ္ဂလပျောက်ဆုံးမှု အမှတ်အသား
မီးခလုတ်ကိုဖွင့်တော့
ပိုပိုပြီး အမှောင်ထဲ ရေတွေပန်းထွက်ပေါ့
ဆံရှည်ကြီးကို
သတ်ဖြတ်ဖို့ ကြိုးစားတော့
ဘီရိုအောက်ကပင့်ကူ
ငါ့အသားကိုစားဖို့
စောင့်နေတော့တယ်
သူ့အမွေးကြီးတွေဟာ
ရေခဲတွေရဲ့ထုထည်အတိုင်း
မမြင်ရပေမဲ့
ဒါကိုတော့ ကောင်းကောင်းကြီးပြောနိုင်ပါတယ်
အရင်ကဆို
အမေဟာ ဆံပင်တွေဖြတ်ပစ်ပြီး ဆန်အိတ်တွေဝယ်လို့
အဲဒီတုန်းက
ဆံပင်တုံးတိနဲ့ အမေ့ပုံဟာ ရုပ်ဆိုးတယ်လို့ ထင်ခဲ့ပါတယ်
အခုတော့လည်း
နောက်တစ်မျိုးပြောင်းသွားပြန်တာပဲ
နောင်များလည်း
နောက်တစ်မျိုးထပ်ပြောင်းဦးမယ်
ဒါကိုတော့
သေချာပါတယ်
ငါ တဖြည်းဖြည်း
စမ်းလျှောက်သွားတယ်
ရေဟာ ဆံပင်တွေကြားကနေ
မျက်နှာ ဗိုက် တဖြည်းဖြည်းရွေ့
ဟုတ်တယ် ကတ်ကြေးတစ်ခုဖြစ်ဖြစ်
ရှာခြင်းပါ
နောက်တော့
အခန်းရဲ့ ကုတင်အောက်မှာ တွေ့တယ်
ညအိပ်အင်္ကျီအဝတ်ပေါ်မှာ
ချုပ်ရာတွေနဲ့
ကောက်ကိုင်လိုက်တော့
မီးခလုတ်ဖြစ်နေပြန်တယ်
ငါ ဖိချလိုက်တယ်
ငါ ဆံပင်တွေမရှိတော့ဘူး
ငါဖြတ်ပစ်လိုက်တဲ့ဆံပင်တွေလည်း မရှိတော့ဘူး
အဲဒါ ဘယ်မှာလဲ
ရေတွေကတော့
ပန်းထွက်နေတုန်းပဲ
ငါ ငေးမိတယ်
ငါ တတ်နိုင်တာ ဒါပဲ။ ။
ဆလိုင်းမြတ်နိုးသူ
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
Nov 10, 2017
လေးမှန်ဖူးတဲ့ တောင်ပံအိုမှာ ခုထိ သွေးစိုနေတုန်း
စကတည်းက မြစ်လိုကောက်တော့
အဆုံးကလည်း
မြားလို မဖြောင့်ဘူး
တောင့်တဆဲ
အိပ်မက်ဟာ
အသိုက်ပျက်ငှက်လို
အိပ်တန်းပျောက်တယ်
ဆားပေါက်နေတဲ့ချွေး
...မွှေးနိုင်ပါ့မလားကွယ်။
တောင်ပေါ်က
တိမ်ပန်းတွေ
အိပ်ခန်းထဲ
အဆုပ်လိုက် အဆုပ်လိုက် ပွင့်လည်း
ခူးဆွတ်ခွင့်မကြုံတဲ့
မျှော်လင့်ချက်
အပုပ်အသိုးတွေ
ထုပ်ပိုးသိမ်းဆည်းထားရတဲ့
ကာလအလျား
ရှည်မျောမျောမှာ
'လ' ရထားက
စက်ခေါင်းပျက်လို့
အမှောင်နက်နက်ထဲ
ဆူးတောတိုးရင်း
ခေါက်ရိုးကျိုးသီချင်းကို
တီးခတ်ဖို့
ငှားထားတဲ့
ဂီတာက ကြိုးပြတ်နေသေး။
ဘယ်သူတွေ
ဘာပြောပြော
'ယောနိသော
မနုဿီကာယ' နဲ့
အနာတရတွေကို
ပန်းလိုသိမ်း
အရင်းနှီးဆုံးသူစိမ်းရဲ့
အစိမ်းရောင်
အရင်းအနှီးဟာ
တန်ဖိုးကြီးလက်ဆောင်။
။
စိုးမြင့်စိုး (ကျောက်ပန်းတောင်း)
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
Nov 7, 2017
ထာဝရကုသိုလ်များ
သခွား မုန်လာ
ဖရုံ အာလူး
ပဲ ပြောင်း
ဘူး နှမ်း ခရမ်း ဂေါ်ဖီ
ရာသီအလိုက်
စားပင်စိုက်ပါ။
မန်ကျည်း
ကုက္ကို ညောင်ညိုတမာ
အဝေရာနှင့်
ပိတောက်ဆင့်လျက်
သရက် ထနောင်း
အရိပ်ကောင်းမို့
ရေလောင်းပေါင်းသင်
အပင်ချပါ။
ရဟန်းရှင်လူ
လွယ်ကူသွားလာ
စိတ်ချမ်းသာကြောင်း
လမ်းဟောင်းပြင်ထား
တံတားခင်းလျက်
ကုသိုလ်ဆက်ပါ။
တစ်နယ်ရပ်ခြား
ခရီးသွားနှင့်
အများသူတွေ
အမောပြေဖို့
သောက်ရေစင်မှု
ဒါနပြုပါ။
ကိုယ့်ရပ်ဒေသ
စိမ်းစိုမြ၍
လှပစေရန်
ရေကန်ရေတွင်း
တူးဖော်ခြင်းနဲ့
ဖြည့်ဆည်းခဲ့ပါ။
ထေရဝါဒ ရှေ့ဆောင်ပြလို့
ဘဝအမြတ် ဇရပ်တန်ဆောင်း
ကျောင်းဆောက်လှူဒါန်း
စိတ်ရွှင်လန်းပါ။
မောင်ကျော်သန်း
(အာ.တီ.စီ)
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
Nov 6, 2017
ငါတို့ရောက်ခဲ့တဲ့ နေရာ
တောင်ပြိုပြီး
တောပျောက်တာလည်း
သဘာဝပတ်ဝန်းကျင်ပျက်စီးတာပဲ
ကမ်းပြိုပြီး
လမ်းပျောက်တာလည်း
သဘာဝပတ်ဝန်းကျင်ပျက်စီးတာပဲ
ပြည့်ဝမ်းပေါက်
အဖာတစ်ရာနဲ့ ခရီးရောက်ဖို့
ဖောက်ထားတဲ့သမိုင်းကို
ချောင်းကြည့်တော့ ... ၊။
အတွေ့အကြုံရတာလား၊
နောင်တရစရာလား
စီးပွားရေးဈေးကွက်မှာ
သစ်ပင်တွေသက်ဆိုးမရှည်သလို
စီးပွားရေးဈေးကွက်မှာ
တောင်တွေ သက်တမ်းမရှည်သလို
လေပြင်းတိုက်လို့
အကာအကွယ်မရခြင်းက သံဝေဂယူစရာပဲ။
သဟဇာတလိုလို၊
သမစိတ္တလိုလိုနဲ့
မြင်မြင်သမျှ
အပြောင်ရှင်းခဲ့ကြတာ ကျူငုတ်နဲ့တဲစုတ်
ကြေးနီထုတ်တဲ့အရပ်မှာ
ဘဝအတွက် ခုခံနေခြင်းက
ပြစ်မှုကျူးလွန်ရာရောက်သတဲ့လား။
ဒီရေတောဟာ
အမေ့လျော့ခံ သတ္တဝါလေးတွေရဲ့ ခိုနားရာ
အသိုက်ဆောက်စရာထက်
ခြေချစရာမရှိတဲ့အရပ်မှာ
ငှက်ဖြစ်ခြင်းက
ဝဋ်ြွေကးတစ်မျိုးပဲလို့ တွေးနေမလား။
ဟိုတုန်းက
စိမ်းလန်းတဲ့ရင်ခွင်
ခုတော့ ထိခိုက်နာကျင်စွာ
တဆစ်ဆစ်ကိုက်ခဲတဲ့မြစ်ပြင်
ဧရာဝတီကို
အရှင်လတ်လတ်သတ်ဖို့ လျှော့ဈေးနဲ့အကွက်ဆင်
တံငါရဲ့သံယောဇဉ်က
အသက်နဲ့ကာကွယ်ဖို့
မြို့ပြရဲ့လမ်းပေါ်မှာ သူ့ဘဝကိုသွန်ချပြီး မြစ်အခွင့်အရေးကို
တောင်းဆိုတယ်။
အခုတော့ သယံဇာတကျိန်စာမှာ
စိတ်ဝမ်းတွေကွဲလို့
အခုတော့ အလိုရမ္မက်မှာ
ငြိမ်းချမ်းရေးတွေလွဲလို့
အမုန်းတရားမှာ
ငါတို့အသက်တွေ အဖိတ်အစင်များခဲ့ကြတယ် သူငယ်ချင်း။ ။
နေဘုဏ်းဝေ
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ
Nov 1, 2017
Nov 2, 2015
Oct 30, 2015
Oct 26, 2015
Subscribe to:
Posts (Atom)