Oct 24, 2015

အခွံ

တစ်ခုက တစ်ခုခုကိုရှာရင်း 
တစ်ခုခုထဲ နစ်မြုပ်ခဲ့ရ။ 

ရှာခဲ့တယ် 
နွေဦးရဲ့အိပ်မက်ထဲ 
ရယ်မောသံကို။ 

စက်တင်ဘာမိုးက 

မှိုင်းညို့ကောင်းကင်အုံထဲနစ်ဆင်း။ 

ရှာခဲ့တယ်
နှင်းဆီပန်းတွေရဲ့ အသွေးအရောင်စိုစိုကို
ယမ်းခိုးတွေဝေတဲ့
တောင်ကုန်းတွေမှာ။

တစ်ခုက တစ်ခုခုကိုရှာရင်း
ငါတို့
တစ်ခုခုထဲပျောက်ခဲ့ရ။

နေထက်နိုင်