Oct 24, 2010

တေးတိုတဲ့ ငှက်ကလေး


ငှက်ကလေးရယ် 
ရွှေရောင်ဝါဝင်းနေတဲ့ 
လယ်ကွင်းတွေအကြား 
မင်းနှလုံးသားမြှုပ်နှံ 
တေးသီသံရွှင်ချိုလွန်းလှချည့်ကွယ်။ 

လေညင်းကလေးက 
မင်းရဲ့တေးသွားကလေးကို 
တောတွေဆီပို့ 

တောင်တွေဆီပို့
ကောင်းကင်တွေဆီပို့
ပင်လယ်တွေဆီပို့
ဆိုတော့ ...
တောတွေလည်း စိမ်းလန်း
တောင်တွေလည်း လတ်ဆတ်
ကောင်းကင်တွေလည်း ပြာလဲ့
ပင်လယ်တွေလည်း စိမ်းမြ
လှပလို့နေတော့တယ်။

ဒါပေမဲ့ ငှက်ကလေးရယ်
မင်းသီဆိုတဲ့တေးသီချင်းဟာ
စပါးတွေဝါဝါဝင်းနေတယ်ဆိုတဲ့ တစ်ကြောင်းတည်း
ဒါကိုပဲ ကျော့ ကျော့ဆို
သိပ်တိုလွန်းလှပါလားကွယ်။


မောင်မောင်ငြိမ်းအေး