Dec 1, 2017

ညနေများကိုဖြတ်ခဲ့ရ


လူသေရဲ့ မျက်နှာလို
ဖြူမှိုင်းတဲ့ကောင်းကင်က
ဆောင်းအသေရဲ့အလောင်းကို 
ပိုက်ပွေ့လို့ လမ်းလျှောက်တယ်။

အရွက်မဲ့ကုက္ကိုပင်ပေါ်က 
ငှက်ကလေးများ တစ်လှည့်စီတေးသီရဲ့။

အနားက သရက်ပင် တစ်ပင်လုံးစိမ်းမှောင်။

မြေပြင်ပေါ်က သစ်ရွက်သေများ 
တစ်ညတာအိပ်ရင်း 
မနက်ခင်းနုရဲ့ 
အရုဏ်ကို မြင်ချင်ပုံနဲ့
ညနေခင်းများကို
 နှုတ်ဆက်နေလိုက်တာ။    ။


နေထက်နိုင်
အောင်ပင်လယ် ၂ဝ၁၇ နိုဝင်ဘာ၊ ဒီဇင်ဘာ