Jul 26, 2015

ဝေဒနာ

မတော်လို့များ 
"ဝဿန်" သာလမ်းပျောက်ပြီး 
"ဝသုန်" နဲ့ဝေးခဲ့ရင်။

မတတ်သာလို့ 
"ဟေမာန်" သာဝတ်ရည်နုတွေ 
မဥလေတော့ရင်။

မမျှော်လင့်ဘဲ 
"သူရိန်" ဟာ အကြမ်းဖက်

ဒေါသထွက်ေ

"ဝဿန်" ရေ ...
နင်ချစ်တဲ့အမြဲစိမ်းဂေဟတွေ
"ဟေမာန်" ရေ ...
နင်ချစ်တဲ့ ပန်းမြိုင်လယ်တွေ
အရိုးကြေ အရေခန်းပြီး
နဒီတွေရေငတ်
ပင်လယ်တွေ အစာပြတ်ရချေရဲ့။

"ဝသုန်" ဆိုတဲ့ ငါရဲ့ဦးခေါင်းပေါ်မှာတော့လေ
ဥစ္စာရူး အစားကြူးသူတွေ
အာဏာရူး ဘီလူးနဲ့တူသူတွေ
ဝါဒစွဲ ပါးမွဲ ခေါင်းပြတ်တွေ
လောင်စာလု အနုကြမ်းစီးသူတွေ


အဲ့ဒီ ...အဲဒီလူတွေကြောင့်
ကိုယ်ပူခေါင်းပြောင်
နှာစေးချောင်းဆိုးလို့
ဆေးထိုးလို့မရတဲ့ဒုက္ခိတပါကွယ် ...။


ဗန်းမော် တောကျီးကန်း