ချင်းတွင်းဟာ
...
ပုံမှန်စီးဆင်းနေလိုက်တာ
ခြေသံတဖျတ်ဖျတ်
အဲဒီကမ်းပါးစွန်းမှာရပ်နေတဲ့ရွာကလေး
ရိုးအေးလွန်းလို့စိတ်ညွတ်
"ထုံမလွတ်"
တဲ့။
ရိုးရာဓလေ့နဲ့ပွေ့ဖက်ထားတဲ့ဝါးတစ်ခင်း
ဘဝရဲ့သီချင်းနဲ့ပျော်နေပုံ
ပဉ္စလက်မှော်ရုံထဲကယုန်ဖြူစစ်စစ်လေးတွေ။
ခေတ်စီးပွားရဲ့ပိုက်ကွန်အတွင်းမှာ
ဝပ်ကျင်းတွေကျုံ့လို့
ရှုံ့စရာမကျန်တော့တဲ့မြေကြောနဲ့
တောကလည်းသစ်ငုတ်တို
တောင်ဖြိုပြီးလှန်ပစ်လိုက်တော့
ကျန်ရစ်တာက
...
ကိုယ်တိုင်တူးပြီးဆင်းသက်ခဲ့တဲ့
မိုက်တွင်းနက်နက်တွေ။
ဧည့်သည်က
...
ချင်းတွင်းငါးတွေရွှေနဲ့မျှားလို့
အပါးအနပ်မရှိတဲ့ထုံမလွတ်
]လွှတ်ရိုးတော့
... လွှတ်အ"
ငါးလည်းရ
...ရေလည်းချိုး
နေညှိုးလို့ဧည့်ပြန်ရင်
ကျန်နေတဲ့ကျောက်ခဲပုံက
ဝါးရုံပင်တွေစိမ်းမြ
ယိမ်းကနိုင်ပါဦးမလားညယ်။
။