Jul 3, 2015

အစိမ်းရောင်နိဒါန်း (၁)




ငါ၏လက်များ ဖြတ်ထားတိုင်စေ
သည်ယာမြေကို ငါ့ခြေတို့နှင့် ထွန်ယက်အံ့၊

ငါ၏ခြေများ ဖြတ်ထားတိုင်စေ
သည်ယာမြေကို ခန္ဓာကိုယ်နှင့် ထွန်ယက်အံ့၊


သွေးစွန်းရုပ်လွှာ ငါ့ခန္ဓာကို
မြေမှာမီးတိုက် ပြာချလိုက်လည်း
အမှိုက်မဖြစ် ဩဇာဖြစ်မည်
သစ်ပင်စိမ်းလန်း အရိပ်လွှမ်းအောင်
စွမ်းဆောင်လိမ့်မည် ငါယုံကြည်သည်
ငါသည်မိုးရေတစ်ပေါက်မျှသာတည်း။       ။