Oct 23, 2015

မြစ်




ကိုယ့်ကိုကိုယ် သောင်ထွန်း
အဆုံး စီရင်လိုက်တယ် ၊

ငါ့ရေကို ငါ မျို
မပျိုတော့ဘူး ၊



ကျောတစ်လျှောက်
ဗေဒါတို့ ကူးခတ်
မတ်မတ်ရပ်နေသော ကျူပင်များ
ကမ်းပါးတွေလည်း မပြိုနဲ့
တံငါတွေလည်း မငိုနဲ့
နင့် အတွကို ရိုးမတွေကို ပေးဆပ်စရာ
ငါ့ ခန္ဓာပေါ့ သစ်ဖောင်တွေရယ်
ရော့...
ငါ့ဂူ သချိ င်္ုင်း ကျွန်းရိုင်းအပေါ်
စိုက်ပျိုးထွန်ယှက် ချစ်ခင်ကြတော့ ။ ။

စစ်ငြိမ်
22-8-2013

အောင်ပင်လယ်
လူမှုဝန်းကျင် မဂ္ဂဇင်း /မေ +ဇွန် 2014
နာဂစ် (၆)ပြည့် အမှတ်တရ